Sunday, August 15, 2010

သီချင်းရေးတဲ့ ၀ါသနာ

ဘ၀မှာဘာအဖြစ်ချင်ဆုံးလဲ လို့မေးရင်တိကျတဲ့အဖြေရှိပါတယ်။ " သီချင်းရေးဆရာပါ "။ ဒါပေမယ် ဂျီလတ်ဆိုထားတဲ့သီချင်းလိုပေါ့
တစ်ဖက်ကငါ့ရဲ့ဝါသနာ၊ တစ်ဖက်ကငါ့ရဲ့ဝမ်းစာဆိုတော့ အပျော်တမ်း လို့ပဲတံဆိပ်ကပ်ရမှာပေါ့ဗျာ။ အခုကျွန်တော်လွန်ခဲ့တဲ့ ၁၀နှစ်
လောက်က ရေးထားတဲ့သီချင်းလေးပြမလို့ဗျ။ ကိုယ်ပိုင်သံစဉ်ပါ။ ကျွန်တော့ရဲ့ မကောင်းတဲ့အသံကြီးတော့သည်းခံ ပြီးနားထောင်ပေး
ကြပေါ့ဗျာ။
မင်းအတွက်
ရေး/ဆို- ဇေကြီး
မရေရာနိုင်တဲ့အဖြစ်တွေလည်း အဆင်ပြေစေဖို့ကိုယ်ကကြိုးစားမယ် မတူညီနိုင်တယ် အမြင်အတွေးမျိုးရှိရင်လည်း
မင်းအကြိုက်ပဲကိုယ်လိုက်လျောပါ့မယ် အနိုင်ယူချင်တဲ့ မင်းအတွက်လည်း အမြဲတမ်းပဲ ငါအရှုံးပေးထားတယ်
တစ်ခါတစ်လေမှာ ငါလေအရမ်းစိတ်ညစ်ပေမယ့် မင်းလေးနဲ့ဝေးသွားဖို့ မတွေးရဲ
နာကျင်စရာတွေကို ခံနိုင်ရည်ရှိဖို့ ကြိုးစားလို့ တစသက်လုံးပဲငါလက်တွဲသွားမယ်
ရင်ဆိုင်နိုင်တယ် ကြုံကာနေသမျှအခက်အခဲတွေလည်း မင်းလေးအနားမှာအမြဲရှိမယ်
နင်မျှော်လင့်ထားတဲ့ဘ၀အိမ်လေး ခိုင်မာဖို့အတွက်ကိုယ်ကဖြည့်စွက်မယ်
ရင်ခုံသံတွေရယ်အတူတူတစ်သားတည်းဖြစ်ချင်တယ် ငါ့အတွေးလေးဘယ်တော့မင်းသိမလဲ
သီချင်းကိုတော့ဒီနေရာမှာဒေါင်းဗျို့
http://www.4shared.com/audio/9606Xmgh/02_Track_2.html





No comments: