Tuesday, June 29, 2010

ဘလောဂ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ သူတွေကို ဘယ်လို Ban မလဲ



ကျွန်တော့်လိုပဲ အပြောခံနေရ အဆိုခံနေရတဲ့ သူများ အတွက် တင်ပေးလိုက်တာပါ . ကျွန်တော်တို့ ဘလောဂ်ကို တိုက်ခိုက်တဲ့ လူက နှစ်နည်းနဲ့ တိုက်ခိုက် နိုင်ပါတယ် .
  • (၁) C-box မှာ ရေးခြင်း၊ ဆဲခြင်း
  • (၂) mail ကို add ပြီးတော့ တိုက်ခိုက်ခြင်း၊ ဆဲခြင်း
ကဲ မိတ်ဆွေတို့ကော ကျွန်တော့်လို အဆဲခံရရင် ဘယ်လိုနေမလဲ ?? စဉ်းစားသာကြည့် ရင်ထဲမှာ တနုံ့နုံ့နဲ့ . ကျွန်တော် ဒီနေ့ မထူးဘူးဆိုပြီး လုပ်လိုက်တာပါ . သေသေချာချာစဉ်းစားခဲ့ပြီး ရှာလိုက်တော့ လဒက တစ်ယောက်တည်းဗျ သိလား . နောက်တစ်ခါ လာရေးရင်လဲ ချမ်းသာလို့ ကွန်ပျူတာ 10 လုံးနဲ့ လာရေးလဲ 10 လုံးစလုံးကို ဘန်းမယ်ဗျာ . လာရေးပါ ကြိုဆိုပါတယ် .


IP Address: 115.67.4.182 အသေးစိတ်ကို သိချင်ရင်လဲ ရပါတယ် . နောက်မှ ကျွန်တော်ရေးပေးပါဦးမယ် . mail လိပ်စာသိရုံနဲ့ သူ့ရဲ့ ကိုယ်ရေးဖိုင်တွေကို ဘယ်လို သိနိုင်လဲ ဆိုတာကိုပါ . ဒါကတော့ နောက်ပိုင်းပေါ့ . အခုကတော့ ဘလောဂ်ရှိတဲ့သူတိုင်း ဒီလူကို ဘန်းထားကြဖို့ကိုလဲ ကျွန်တော့် အနေနဲ့ အကြံဉာဏ်များ ပေးလိုပါတယ် . ဘာဖြစ်လို့လဲဆိုရင် ဒီလိုလူမျိုးတွေကို ဒီလိုလုပ်မှပဲ ကျွန်တော်တို့အတွက် အဆင်ပြေမှာမို့လို့ပါ . နာမည် မျိုးစုံသုံးပြီး တစ်ယောက်တည်းကနေ တိုက်ခိုက်နေတာပါ . တိုက်ခိုက်တဲ့သူက ကို့ဆိုက်ကို ရိုးရိုး လာကြည့်တာ မဟုတ်ပဲ gmail ကနေ မေးလ်ပို့ပြီး တိုက်ခိုက် မလား . ရတယ် gmail ကနေ ip address ကို ရှာပြီး ဘန်းမယ် ၊ cbox ကနေ လာမလား ရတယ် ip ကို ရှာပြီးဘန်းမယ် . ရေးချင်တဲ့ ဖက်ကရေး . ဘန်းလို့ ရပါတယ် . မရေးပဲ အေးဆေးနေရင်တော့ သူဘာမှမလုပ်သလို ကိုလဲ ဘာမှမလုပ်ဘူးလေ . ဟုတ်တယ်ဟုတ် . ကျွန်တော်ကတော့ ဘန်းလိုက်ပါပြီ . ကဲအောက်မှာ blogger.com ကို အသုံးပြုပြီး blog ရေးနေသူများအနေနှင့် ဘယ်လို ဘန်းရမလဲဆိုတာကို ပြောပြပါ့မယ် .. မလုပ်ချင် အခုကိုသုံးနေတဲ့ template ကို backup လုပ်ထားဖို့ မမေ့ပါနဲ့ . ဒါမှ တစ်ခုခုဖြစ်ရင် အရင်အတိုင်း ပြန်ရမှာမို့ပါ ... gmail လိပ်စာကို သိပြီးတော့ ipaddress ကို မသိသူများ ကျွန်တော့်ကို ဘန်းချင်တဲ့သူရဲ့ email လိပ်စာသာ ပို့ပေးလိုက်ပါ . ကျွန်တော် အဲဒီ့လူရဲ့ ip-address ကို ပြန်ပို့ပေးပါ့မယ် ...


Ban နည်း
  • (၁) blogger.com ကို ၀င်လိုက်ပါ .
  • (၂) Layout >> Edit html ကို သွားလိုက်ပါ ..
  • (၃) ctrl + f ကို နှိပ်ပြီး ပေါ်လာတဲ့ box လေးထဲကို <head> ဆိုတာကို ရှာပါ့မယ် .
  • (၄) ဟော့တွေ့ပြီ . တွေ့ပြီဆိုရင် <head> ရဲ့ အောက်တည့်တည့်လေးမှာ အောက်က code တွေကို ရိုက်ထည့်လိုက် ..


<script type="text/javascript" src="http://code.vietwebguide.com/php/addr.php"></script>
  1. <script type="text/javascript">  
  2. //<!CDATA[  
  3. // Banned ip script 2.0  
  4. //(C)2009 Anhvo  
  5. //homepage: http://vietwebguide.com  
  6.   
  7. var banned_ip = new Array();  
  8.   
  9. banned_ip[0] = '85.142';  
  10. banned_ip[1] = '22.98.69.1';  
  11. banned_ip[2] = '115.67.4.182';  
  12. banned_ip[3] = '85.78';  
  13.   
  14. var mes_bi = "Your IP is banned so you cannot visit this website!";  
  15.   
  16. for(var i=0;i<banned_ip.length;i++) {  
  17. eval('var re = /^' + banned_ip[i] + '/ ;');  
  18. if (re.test(mc_user_ip))  
  19. {  
  20. document.write('<style type="text/css">');  
  21. document.write('BODY{display:none;}');  
  22. document.write('<\/style>');  
  23. alert(mes_bi);  
  24. break;  
  25. }  
  26. }  
  27. //]]>  
  28. </script>  




ဒီဇာတ်လမ်းမှာ 115.67.4.182 အဲ့ဒီ့ ip address ကတော့ မင်းသားကို အဲ့ဒီ့တော့ မင်းသား ကိုတော့ မပါမဖြစ် ထည့်ပေးကြဗျာ . ဟုတ်ပြီလား . ကျန်တဲ့သူက ဇာတ်ရံပေါ့ . အဲ့ဒီ့ ကိုရွှေချော ကတော့ ဇာတ်လိုက်ပေါ့ . အပေါ်ကတိုင်းထည့်ဗျာ .. ထည့်ပြီးတာနဲ့ save လိုက် .. အဲ့မယ် စာလုံး အနီနဲ့ ပြထားတာတွေကတော့ ကိုဘန်းချင်တဲ့ ip address ကို ဘန်းထားဖို့ ဖြည့်ရမှာပါ . ဘယ်နှစ်လုံးကို ဘန်းမလဲ နံပါတ်တွေ ထပ်ဖြည့်လို့ ရပါသေးတယ် . မင်းသား ကိုတော့ မမေ့ကြနဲ့နော် မဟုတ်ရင် ဒီဇာတ်ကားက ကြည့်ကောင်းမှာမဟုတ်ဘူး . မင်းသား ကိုသာထည့် ဒီဇာတ်ကား ရုံပြည့် ရုံလျှံ ဖြစ်သွားမယ် .

မာသာထရီဇာနဲ့ ဒိုင်ယာနာ

              စာအုပ်တစ်အုပ်ထဲမှာ အနောက်တိုင်းက အကြောင်းရာလေးတစ်ခု ဖတ်ဖူးတယ်။ အရမ်းချမ်းသာတဲ မိသားစုကကောင်လေးတစ်ယောက်ပေါ့။ ခြံဝန်းကျယ်ကြီးထဲမှာ အရမ်းခမ်းနားတဲ့ အိမ်ကြီးရယ် အစေအပါးတွေရယ် အားလုံးပြီးပြည့်စုံနေတဲ့ ကောင်လေးပေါ့။ အဲဒီကောင်လေးက သတ္တ၀ါတွေကို ချစ်ခင်ကြင်နာတဲ့အတွက် ခြံဝန်းထဲမှာ သူ့အတွက် တိရိစ္ဆာန် မျိုးစုံကိုမွေးမြူပေးထားတယ်။ ကောင်လေးဟာ သူ့ရဲ့အထိန်းတော်တွေနဲ့ အတူတူ အကောင်လေးတွေကို အစာကျွေးမွေးတယ်။ ယုယကြင်နာတယ်။ သူ့အသိုင်းဝိုင်းမှာ အင်မတန် စိတ်သဘောထား နူးညံ့တဲ့ကလေးအဖြစ် ချီးမွမ်းခံရတာပေါ့။ တစ်ရက်မှာ သူမွေးထားတဲ့ လိပ်ကလေးတစ်ကောင် ကန်ထဲမှာပက်လက်လန်နေတာ သွားတွေ့သတဲ့။ ကောင်လေးလည်း လိပ်ကလေးသေသွားတဲ့အတွက် စိတ်မကောင်းဖြစ်ပြီး ငိုတာပေါ့။ အဲဒီတော့ မိဘတွေက ဖြောင်းဖြပြောဆိုပြီး သူ့လိပ်ကလေးအတွက် ဈာပနလေး တစ်ခုလုပ်ပေးမယ်ဆိုတဲ့အကြောင်း၊ သူတို့လည်း လိပ်ကလေးအတွက် ထပ်တူခံစားရပါတယ်ဆိုတဲ့ အကြောင်းပြောပြကြတာပေါ့။ ကောင်လေးကလည်း သူ့လိပ်ကလေးအတွက် အသုဘကိုတော့ သေချာလေးလုပ်မယ်ဆိုပြီး ဖိတ်စာတွေဘာတွေတောင် ချက်ခြင်းရိုက်ပြီး လိုက်လံဝေငှခိုင်းတယ်။ သူ့လိပ်ကလေးရဲ့နာရေးကို ခမ်းခမ်းနားနားလေး ဖြစ်စေချင်တယ်ပေါ့။ နောက်တစ်ရက်မှာ လိပ်ကလေးက ရေကန်ထဲမှာ ရေကူးနေတာကို တွေ့တော့ကောင်လေးက တော်တော်အံ့သြသွားတယ်။ အဲဒါနဲ့ ခြံစောင့်အဘိုးကြီးကို ခေါ်ပြီး ဘယ်လိုဖြစ်တာလဲလို့မေးကြည့်တယ်။ အဘိုးကြီးက လိပ်တွေရဲ့သဘာဝဟာ အဲ့ဒီလိုပဲ တစ်ခါတစ်လေမှာ နာရီပေါင်းများစွာကြာအောင် ပက်လက်လှန်အိပ်တတ်ကြောင်း ရှင်းပြတယ်။ မထင်မှတ်လောက်အောင်ပဲ ကောင်လေးဟာ တော်တော်လေးစိတ်ဆိုးသွားတယ်။ တော်တော်ဆိုးတဲ့လိပ် ငါ့မှာတော့ သေပြီဆိုပြီး ငိုလည်းငိုရတယ်။ နာရေးကိုလည်း ခမ်းနားအောင်စီစဉ်ရတယ်။ ကောင်လေးဟာကိုယ်တိုင်ပဲ လိပ်ကိုကန်ထဲကဆယ်ယူလိုက်ပါတယ်။ ပြီးတော့ လိပ်ရဲ့  နှလုံးသားရှိမယ့်နေရာတည့်တည့်ကို သံချွန်တစ်ချောင်းနဲ့ တစ်ချက်တည်း ထိုးချလိုက်တယ်။ နောက်တစ်ရက်မှာ လိပ်ကလေးရဲ့  နာရေးကို စည်စည်ကားကားနဲ့ ကျင်းပပါတယ်။ ကောင်လေးလည်း သူ့လိပ်ကလေးရဲ့ နောက်ဆုံးခရီးမှာ စိတ်မကောင်းဖြစ်ပြီး ငိုသေးတာပေါ့။ နာရေးတက်ရောက်လာတဲ့ လူကုံတန်အသိုင်းဝိုင်းကလူကြီးတွေလည်း ကောင်လေးရဲ့  မေတ္တာတရားကြီးမားမှု့ကို ချီးမွမ်းပြီးတော့ ပြန်သွားကြတယ်။ ခြံစောင့်အဘိုးကြီးကတော့.............
                                                     အကြောင်းရာလေးကတော့ ဒီလောက်ပါပဲ။ စာရေးသူရဲ့  အဓိကပေးချင်တဲ့ မက်ဆေ့က မေတ္တာတရားကို ခြုံထည်တစ်ခုလို့ ခြံလွှမ်းလာတဲ့ လူတွေအကြောင်းပါ။ လူတစ်ချို့  ဟာ သိပ်ပြည့်စုံလာတဲ့အခါ ရုပ်ဝတ္ထုတွေပိုင်ဆိုင်မှု့ကြောင့် လူရာဝင်တဲ့ အခြေနေကနေ စိတ်ပိုင်းဆိုင်ရာအရပါ လူရာဝင်ချင်လာကြပါတယ်။ အဲဒီတော့ သူတို့ဟာ လူတွေအထင်ကြီးမယ့်၊ အလေးမြတ်ပြုခံရမယ့် လူသားချင်းစာနာတဲ့ အလုပ်အကိုင်တွေဖက်ကို လှည့်လာကြပါတယ်။ ဒီအလုပ်တွေဟာ အမှန်တော့ မေတ္တာဂရုဏာကို အခြေပြုပြီးလုပ်ကိုင်ရတာပါ။ ရင်ထဲမှာ မေတ္တာတရားတွေ သစ်ပင်တစ်ပင်လို့ အမြစ်တွယ်နေတဲ့သူတွေ၊ မြစ်တစ်စင်းလိုစီးဆင်းနေတဲ့သူတွေသာ ဘ၀တစ်ခုလုံးကို မြုတ်နှံပြီးလုပ်နိုင်ကြပါတယ်။ သူတို့ရဲ့ပေးဆပ်အနစ်နာခံမှု့ကြောင့် လူ့အသိုင်းဝိုင်းမှာ အင်မတန်လေးစားအပ်တဲ့ လူတွေအဖြစ်ထင်ပေါ်လာကြတယ်။ သူတို့ကိုယ်တိုင် ထင်ပေါ်မှု့ကိုအလိုမရှိပေမယ့် ပတ်ဝန်းကျင်က အသိအမှတ်မပြုပဲနေလို့မရလောက်အောင်ကိုဖြစ်လာတယ်။ ဒါပေမယ့် အထက်ကအကြောင်းရာလေးလို့ ရင်ထဲကပေါက်ဖွားရှင်သန်လာတဲ့ မေတ္တာကြောင့်မဟုတ်ပဲ အဆောင်ယောင်တစ်ခုလောက်ပဲ ဦးတည်ပြီးသွားနေတဲ့ သူတွေလည်းရှိပါတယ်။ နာရေးကျင်းပတဲ့ ကောင်လေးလိုပေါ့။ အနီးစပ်ဆုံး ဥပမာပေးချင်ပါတယ်။ အယ်ဂျီးနီးယားအနွယ်ဖွား ခရစ်ယန်သီလရှင်ကြီး မာသာထရီဇာကို လူတိုင်းတော့သိမယ်မထင်ပါဘူး။ ဒါပေမယ့် အင်္ဂလန်က ချားမင်းသားရဲ့ ဇနီးဟောင်း ဒိုင်ယာနာကိုတော့ မသိတဲ့သူ ရှားမယ်ထင်ပါတယ်။ သူတို့နှစ်ယောက်ဟာ လူမှု့ရေးအလုပ်တွေကို အားကျိုးမာန်တကိလုပ်ကိုင်ဆောင်ရွက်တဲ့ဖက်မှာ ထင်ပေါ်ကျော်ကြားပါတယ်။ အခုတော့ နှစ်ယောက်စလုံးမရှိကြတော့ပါဘူး။ ကွာခြားတာကတော့ မာသာထရီဇာဟာ သူ့ဘ၀တစ်ခုလုံးကို လူမှု့ရေ့းအလုပ်တွေမှာပဲ မြုတ်နှံခဲ့ပြီး နေရာဒေသမရွေး အခက်ခဲပေါင်းစုံကို ရင်ဆိုင်ပြီး စေတနာ့ဝန်ထမ်းအလုပ်တွေကို လုပ်ကိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ရုပ်သံတွေ ဓာတ်ပုံတွေမှာ မြင်ရတဲ့မာသာထရီဇာရဲ့  အလုပ်တွေဟာ သူတကယ်လုပ်ခဲ့တာရဲ့  အစိတ်အပိုင်းလေးတစုပဲရှိပါသေးတယ်။ ဒိုင်ယာနာကတော့ လှုမှု့ရေးအလုပ်တွေကို လုပ်ခဲ့တယ်ဆိုပေမယ့် မာသာထရီဇာနဲ့မတူပါဘူး။ မာသာထရီဇာလို မွေးရာပါနှလုံးသားထဲက အမြစ်တွယ်ပေါက်ဖွားလာတာမဟုတ်ပဲ အိမ်ထောင်ကွဲပြီးနောက်ပိုင်းမှ စိတ်ထွက်ပေါက်တစ်ခုအနေန့ လူသားခြင်းစာနာမှု့  ဇာတ်ခုံပေါ်မှာ ပေါ်လာတာ သတိထားမိကြမှာပါ။ ပြီးတော့ သူအလုပ်လုပ်တဲ့ နေရာအများစုဟာ ကမ္ဘာ့သတင်းဋ္ဌာနပေါင်းစုံက ကင်မရာတွေ ၀ိုင်းနေတဲ့ နေရာတွေများပါတယ်။ မာသာထရီဇာလို ဘယ်သူမှမသွားရဲတဲ့ မိုင်းတွင်းတွေ၊ ငတ်ပြတ်နေပြီး ရာဇ၀တ်မှု့ထူပြောတဲ့နေရာမျိုးတွေကို မသွားရဲခဲ့ပါဘူး။ တဖက်မှာလည်း အတူနေရည်းစား မူဆလင်ဘာသာဝင် ဒိုဒီနဲ့ အပန်းဖြေခရီးထွက်တာများတဲ့အတွက် အချိန်ပြည့်လူမှု့ရေးအလုပ်တွေမှာ မပါဝင်နိုင်ခဲ့ပါဘူး။ မာသာထရီဇာနဲ့ ဒိုင်ယာနာဟာ အချိန်သိပ်မကွာပဲ ကွယ်လွန်ခဲ့ကြတာပါ။ မာသာထရီဇာက လူမှု့ရေးလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်နေရင်းနဲ့ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့အတွက် လူကြီးရောဂါနဲ့ဆုံးပါးခဲ့ပေမယ့် ဒိုင်ယာနာကတော့ ရည်းစားနဲ့ အတူသွားနေချိန် ပါပရာဇီတွေရဲ့ နှောက်ယှက်မှု့ကြောင့် ကားမှောက်ပြီးကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဒိုင်ယာနာကွယ်လွန်ချိန်မှာ ၀မ်းနည်းစာပေါင်းများစွာ၊ the candle with the wind (လေထဲကဖရောင်းတိုင်) ဆို့တဲ့သီချင်း တွေနဲ့ ဂုဏ်ပြုပြီး နာရေးကျင်းပခဲ့ပေမယ့် မာသာထရီဇာ ကွယ်လွန်တာကိုတော့ သိတဲ့လူ သိပ်မများခဲ့ဘူးထင်ပါတယ်။ ဒါပေမယ့် မာသာထရီဇာကို နိုင်ငံတော်အဆင့်အနေနဲ့ နာရေးကျင်းပခဲ့ပါတယ်။ သူ့ရဲ့  မေတ္တာ လွှမ်းခြုံခံခဲ့ရတဲ့ ကမ္ဘာနိုင်ငံပေါင်းစုံက လူတွေရဲ့  ရင်ထဲမှာတော့ မိခင်တစ်ယောက်လို့ အခုထိရှင်သန်နေဆဲပဲလို့သိရပါတယ်။ မာသာထရီဇာ ကွယ်လွန်တဲ့နှစ်ပတ်လည်ရောက်တိုင်း အထိမ်အမှတ်ဆုတောင်းပွဲတွေ ကမ္ဘာအနှံကျင်းပကြတယ်။ ဒိုင်ယာနာကတော့ သေဆုံးချိန်မှာ သီချင်းတွေစပ်ဆို လွမ်းချင်းတွေဖွဲ့နဲ့ ရေပန်းစားခဲ့ပေမယ့် ခုချိန်မှာတော့ ဘယ်သူမှ အရေးတယူ မလုပ်ကြတော့ပါဘူး။ အဲဒါဟာ မေတ္တာဂရုဏာ တွေကောင်းကင်တစ်ခုလိုကျယ်ပြောခဲ့တဲ့သူနဲ့ လျှပ်ပျက်သလိုလေး တောက်ပခဲ့သူ ကွာခြားချက်ပါပဲ။ မပေါက်ကွဲသေးတဲ့ မြေမြုတ်မိုင်းတွေ အများကြီးကြားထဲမှာ ကိုယ့်အသက်ကို ထည့်မတွက်ပဲ ကယ်ဆယ်ရေးတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု့ တွေတက်တက်ကြွကြွလုပ်ခဲ့တဲ့ အမျိုးသမီးကြီးနဲ့ ဇိမ်ခံရွက်လှေစီး ရည်းစားနဲ့ ချစ်တင်းနှောရင်း ကင်မရာတွေ ရှေ့  မှာပဲ လူမှု့  ရေးတွေ တက်ကြွနေတတ်တဲ့ အမျိုးသမီး ဘယ်လိုမှ ယှဉ်လို့ရမှာမဟုတ်ပါဘူး။ မာသာထရီဇာဟာ သူဘ၀တစ်ခုလုံး အများအကျိုးအတွက် ပေးဆပ်ပျော်ဝင်ခဲ့သူပါ။ သူ့ဘ၀မှာ နောက်ဆုံးအချိန်ထိ အကျိုးမရှိ အချိန်ဖြန်းတဲ့ အလုပ်ဘာတစ်ခုမှ လုပ်ခဲ့တာမတွေ့ရပါဘူ။ ခရစ်ယန်ဘာသာဝင် သီလရှင်ကြီးဆိုပေမယ့် ဘာသာပေါင်းစုံက လေးစားရတဲ့အမျိုးသမီးကြီးပါ။ ကျွန်တော်တို့လည်း လူမှု့ရေးအလုပ်တွေလုပ်တဲ့အခါ မာသာထရီဇာလို ရင်ထဲက ဖြစ်တဲ့ စေတနာလား ဒိုင်ယာနာလို့ ပေါ်ပင်လုပ်တာလားဆိုတာ သေချာကွဲပြားအောင် ကိုယ့်ကိုကိုယ် သတိပြုသုံးသတ်သင့်တယ်လို့ ယူဆမိတဲ့အတွက် တွေးမိရေးမိတာလေးပါ။

Window တွေကို လျင်မြန်စွာပြောင်းလဲအသုံးပြုခြင်း

မြန်မာမိသားစုဖိုရမ်က ပိုစ်လေးပါ။ တော်တော်လေး အသုံးဝင်တာမို့ တင်ပေးလိုက်ပါတယ်။

Window တွေကိုလျင်မြန်စွာ ပြောင်းလဲအသုံးပြု နိုင်ဖို့အတွက် minimize-maximize animation တွေကို disable လုပ်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။
Disable လုပ်နည်းကတော့ Start ကနေ SystemPropertiesPerformance လို့ရိုက်ပြီး Visual Effects Tab တွင် Animate windows when minimizing and maximizing ကို uncheck လုပ် ပြီး OK ကိုနှိပ်ရမှာဖြစ်ပါတယ်။

Windows 7 boot time ကိုမြှင့်တင်ခြင်း။
Windows 7 ဟာစတင်အလုပ်လုပ်စဉ်က core တစ်လုံး တည်းကိုသာ အသုံးပြုပါတယ်။ ဒါကြောင့် boot time ကိုမြှင့်တင်ဖို့အတွက် အသုံးပြုမယ့် core တွေကို တိုးမြှင့်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။
ပြုလုပ်နည်းကတော့ Start မှ Run ကိုနှိပ်ပြီး Run Box တွင်ျာခသည်ငါ လို့ရိုက်ထည့်ပါ။ ထို့နောက် boot tab ရှိ Advanced options... ကို click လုပ် ပါ။ ထို့နောက် Number of processors တွင် မိမိ ကွန်ပျူတာရှိ processor ရဲ့ core အရေအတွက်ကို ရိုက်ထည့်ပါ။ ဥပမာ။ ။ 2,4, ၈
ထို့နောက် OK လုပ်ပြီး Apply ကိုနှိပ်ပါ။ (ပုံ-၁)
မလိုအပ်တဲ့ Font တွေကို ဖယ်ရှားပါ။
Application တွေအတွက်လိုအပ်တဲ့ font တွေကိုသာအသုံးပြုပြီး မလိုအပ်တဲ့ font တွေကိုဖယ်ရှားခြင်းဖြင့် system ရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။
ပြုလုပ်နည်းကတော့ control panel ရဲ့ Fonts folder ရှိ အသုံးမပြုတဲ့ font များကိုဖယ်ရှားခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။

Windows 7 shutdown time ကိုမြှင့်တင်ခြင်း
Windows 7 ကို shutdown ပြုလုပ်ခြင်းဟာ Windows XP, Windows Vista တို့ထက်ပိုမြန်ပါတယ်။ ဒါပေမဲ့ registry အတွင်းအနည်းငယ် အပြောင်းအလဲပြုလုပ်ဖို့လိုပါတယ်။
ပြောင်းလဲပုံကတော့ Start တွင် regedit လို့ရိုက်နှိပ်ပြီး Enter လုပ်ပါ။ ထို့နောက် HKEY_ LOCA L_MACHINE\SYSTEM\CurrentControlSetControl တွင် right-click လုပ်ပြီး WaitToKil lServiceTimeOut ကိုရိုက်ထည့်ကာ value 12000 (12 seconds) ကို default အဖြစ်ထားရမှာဖြစ်ပါတယ်။ ထို့နောက် OK လုပ်ပြီး PC ကို restart လုပ်ပါ။

Search Indexing feature ကို disable လုပ်ပါ။
မိမိသိမ်းဆည်းထားတဲ့ဖိုင်များဟာ အလွယ်တကူ ပြန်လည်ရှာဖွေနိုင်တယ်ဆိုရင်တော့ Search Indexing feature ကိုပိတ်ထားသင့်ပါတယ်။
ပြုလုပ်နည်းကတော့ Start တွင် services.msc လို့ရိုက် ထည့်ပြီး Windows Search ကို right-click လုပ်ကာ disable ပြုလုပ်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။

Taskbar thumbnail ရဲ့ဖော်ပြချိန်ကိုလျှော့ ချခြင်း။
Taskbar တွေကို thumbnail အဖြစ်ဖော်ပြခြင်း ဟာ Windows 7 ရဲ့အကောင်းဆုံး feature ဖြစ် ပါတယ်။ ဒါပေမဲ့ System ကိုနှေးကွေးစေတာကြောင့် ၎င်းင်း thumbnail တွေရဲ့ဖော်ပြချိန်ကို လျှော့ချပေး ခြင်းဖြင့် system ရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်နိုင်ပါတယ်။
ပြုလုပ်နည်းကတော့ Start မှာ regedit လို့ရိုက်ပြီး HKEY_ CURRENT_USER \Software\ Microsoft\Windows\Current Version\Explorer\ Advanced တွင် right-click လုပ်ပြီး New DWORD ကိုရွေးကာ ThumbnailLivePreview HoverTime လို့ရိုက်ထည့်ရပါမယ်။ ထို့နောက် ရိုက် ထည့်လိုက်တဲ့စာသား ပေါ်တွင် right-click လုပ်ပြီး modify လုပ်ရပါမယ်။ ထို့နောက် Decimal Base တွင် 200 (0.2 seconds) လို့ထည့်ရပါမယ်။ ထို့ နောက် OK လုပ်ပြီး ကွန်ပျူတာကို restart လုပ်ရပါ မယ်။ ပုံ(၂)
System Sounds ကို မလို အပ်လျှင်ပိတ်ပစ်ပါ။
Windows 7 ရဲ့ system sound ကိုမလိုအပ် လျှင် ပိတ်ထားသင့်ပါတယ်။
ပိတ်ထားလိုသူများအနေဖြင့် Start တွင် mmsys.cpl လို့ရိုက်ထည့်ပြီး Sounds tab တွင် No Sounds ကိုရွေးကာပြုလုပ်နိုင်ပါတယ်။
မလိုအပ်တဲ့ Startup ပရိုဂရမ်တွေကိုပိတ်ပါ။
အချို့ပရိုဂရမ်များဟာ Windows စတင်အလုပ် လုပ်ချိန်မှာ အလိုအလျောက်အလုပ်လုပ်ပါတယ်။ အလိုအလျောက် အလုပ်လုပ်တဲ့ ပရိုဂရမ်များတွင် Acrobat, Quick Time, iTunes, Java စသည်တို့ပါဝင်ပြီး ၎င်းတို့ကို ပိတ်ထားခြင်းဖြင့် system ကို လျင်မြန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ပြုလုပ်နည်းကတော့ Start တွင် msconfig လို့ရိုက်ထည့်ပြီး startup tab တွင် မလိုအပ်တဲ့ပရိုဂရမ်များကို uncheck လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါ တယ်။

Aero Theme ကို disable လုပ်ပါ။
Windows 7 ရဲ့ Aero Theme ဟာနှစ်သက် ဖွယ်ကောင်းပေမယ့် system ရဲ့လုပ်ဆောင်ချက်ကို နှေးကွေးစေပါတယ်။ Aero Theme ကို disable လုပ်လိုသူတွေအတွက် desktop တွင် right-click လုပ်ပြီး Personalise ကို ရွေးကာ Windows Color tab ကိုကလစ်လုပ်ပြီး Enable Transparency box ကို ကညခ့နခု လုပ်ရပါမယ်။ ထို့နောက် Open classic appearance properties for more color options တွင် standard (သို့) Basic theme ကို ရွေးချယ်ကာပြုလုပ်နိုင်ပါတယ်။

မလိုအပ်တဲ့ Service တွေကိုပိတ်ပါ။
အချို့ Windows 7 service တွေဟာ RAM ကို အလဟဿဖြစ်စေပါတယ်။ အောက်ဖော်ပြပါ ဇယားကတော့ Windows 7 ရဲ့ service တွေကို ရပ်တန့်ထားနိုင်မယ့် အချက်များကိုဖော်ပြပေးထားခြင်း ဖြစ်ပါတယ်။ Service တွေကို disable လုပ်လို ရင်တော့ အောက်ဖော်ပြပါ link ကိုနှိပ်ပြီး ဆက်လက်ဖတ်​ရှုပါ။

Mediafire လင့်ပါ.....
http://www.mediafire.com/file/ihryzuylmt5/windows7.pdf

Ifile လင့်ပါ.......
http://ifile.it/y2k04m5/windows7.pdf