Monday, May 31, 2010

ကြက်ဖနဲ့ ငန်း ပုံပြင်

အသိအမှတ်ပြုခံရမှု့နဲ့ ပတ်သတ်ပြီး ပညာပေးထားတဲ့ ပုံပြင်လေးတစ်ခုပါ။ ဆရာဖေမြင့်ရဲ့ တန်ဖိုးထားအပ်သောအရာများ ဆိုတဲ့ စာအုပ်မှာတွေ့ လို့တော်တော်လေး သဘောကျတာနဲ့ တင်ပေးလိုက်တယ်ဗျာ။
လူးနယ်မှ မြို့စားကြီး အိုင်း ထံတွင် တိယင်ဂျောင်းအမည်ရှိ အမှု့ထမ်းတစ်ယောက်ရှိသည်။ တိယင်ဂျောင်းက မထင်မရှားရာထူးလေးမှာ တာဝန်ထမ်းဆောင်နေရတာကြာတော့ စိတ်ပျက်ကာ သူ့သခင် မြို့စားကြီးအား လျှောက်ထားသည်။
                   " ကျွန်တော်မျိုးတော့ တောငန်းဖြူကြီးတွေလို ဟိုးအဝေးကို ပျံပြေးသွားတော့မယ်ခင်ဗျ"
"ဟေ...ဘာဖြစ်လို့တုန်းကွ၊ ရှင်းရှင်းလင်းလင်း ဆိုစမ်းပါဦး" မြို့စားကြီးကမေးသည်။
                    "မြို့စားမင်း ခြံထဲက ကြက်ဖကို မြင်တယ်မလား" တိယင်ဂျောင်းကဆိုသည်။ "သူ့ခေါင်းမှာ ဆောင်းထားတဲ့အမောက်ဟာ ယဉ်ကျေးမှု့ကိုပြတဲ့ အမှတ် သင်္ကေတတစ်ခု ဖြစ်တယ်။ သူ့ရဲ့ခြေထောက်က မာကျောတဲ့ ခြေသည်းနဲ့ အတက်တွေဟာ သူ့ရဲ့ခွန်အားကို ပြသနေတယ်။ ဘယ်ရန်သူကိုမဆို ယှဉ်ခွပ်ဖို့ ၀န်မလေးခြင်းဟာ သူ့ရဲ့ ရဲဝံ့မှု့ကိုဖော်ပြနေတယ်။ အစာရှာတွေ့တဲ့အခါတိုင်း အခြားတစ်ပါးသော ကြက်တွေကို တကွပ်ကွပ်နဲ့ ခေါ်ကျွေးတတ်ခြင်းဟာလည်း သူ့ရဲ့ ရက်ရောသဘောကောင်းမှု့ကို ထင်ဟပ်ပြသနေတယ်။ ညဉ့်ဦးယံကနေ မိုးသောက်ယံအထိ အချိန်မှန်မှန် တွန်ကျူးတတ်ခြင်းကတော့ အမှန်ကိုသာဆိုတတ်တဲ့ သူ့သဘောကို ထင်ရှားအောင်ပြသလို ရှိနေတယ်။ အဲဒီလို ဂုဏ်အရည်အသွေးကောင်း ငါးရပ်နဲ့ ပြည့်စုံပါလျှက် ကြက်ဖတွေဟာ အရှင်မြို့စားမင်းကြီး ပွဲတော်တည်ဖို့အတွက် နေ့စဉ်နဲ့အမျှ သက်ဖြတ်ခံနေရပါတယ်။ ဘာကြောင့် သူတို့ကို တန်ဖိုးမထား အလွယ်တစ်ကူ သတ်စားနေရသလဲ။ အကြောင်းအရင်းက လူနဲ့ လက်လှမ်း တစ်မီမှာရှိနေတဲ့ အတွက်ကြောင့်ပဲ။ သူ့ကိုအမြဲမြင်နေ တွေ့နေရတယ်။ အဲဒီတော့ရိုးသွားတယ်။ သူ့တန်ဖိုးတွေ ဘယ်လိုရှိနေတယ်ဆိုတာ မစဉ်းစားမိတော့ဘူး။ ဟိုး မိုင်ပေါင်းထောင်ချီတဲ့အရပ်က တစ်ခါတစ်လေ နယ်ပြောင်းပယ်ပြောင်း ရောက်ရှိလာတတ်တဲ့ တောငန်းဖြူကြီးတွေကျတော့ ကြက်ဖရဲ့ဂုဏ်အင်္ဂါနဲ့ ပြည့်စုံတာ မဟုတ်ပေမယ့် ရှားပါတယ် တွေ့ရခဲတယ် ဆိုတာတစ်ခုတည်းနဲ့ မြို့စားကြီးက အင်မတန် တန်ဖိုးထားတယ်။ ဥယဉ်ထဲ ရေကန်ထဲမှာ ငါးတွေစား လိပ်တွေစား၊ ကောက်ပင်တွေကိုက်ဖြတ်နဲ့ အမျိုးမျိုးဖျက်စီးပေမဲ့ သူတို့ကို ပြစ်ခတ်သတ်ဖြတ်ခြင်းမရှိ ဒီအတိုင်းအလှကြည့်ထားတယ်။ ဒါကြောင့်မို့ ကျွန်တော်မျိုးလည်း တောငန်းဖြူကြီးများလို ဟိုး ဝေးရာဆီကိုပဲ ပျံသန်းသွားတော့မယ်လို့ ပြောတာပါ" ဆိုပြီး လျှောက်ထားသည်။
                       မှန်သည် နီးလွန်းသောအခါ မမြင်ရဖြစ်တတ်သည်။ တွေ့ဖန်များသောအခါ တန်ဖိုးမရှိဖြစ်တတ်သည်။ ကျွန်တော်တို့ရဲ့ ရှင်သန်နေထိုင်မှု့ နဲ့ပတ်သပ်ပြီး သတိပြုသင့်တဲ့ ပုံပြင်လေးပါ။ ဆင့်ပွား စဉ်းစားတွေးတောနိုင်ကြပါစေဗျာ။

Saturday, May 29, 2010

နည်းနည်းလေး ညစ်တယ်ထင်ရပေမယ့် တော်တော်လေးရယ်ရတဲ့ ဟာသလေးတွေပါ

အမှားကြီးမှားပြီဆိုရင်
"ယောင်္ကျားတွေ အမှားကြီးမှားပြီဆိုရင် အသက်တစ်ချောင်းဆုံးရှုံးရတဲ့အထိ ဖြစ်သွားတတ်
တယ် . . . " ဟု ရှေ့နေတစ်ယောက်က ပြောသောအခါ ဆရာဝန်တစ်ယောက်က . . .
"မိန်းမတွေအမှားကြီးမှားပြီဆိုရင်တော့ အသက်တစ်ချောင်းကို မွေးထုတ်ပေးရတတ်တယ်ဗျ . .
. " ဟု ပြန်ပြောလိုက်သည်။l;

ငုန်တာဥ
အိမ်ဆောက်ပစ္စည်းရောင်းသောဆိုင်သို့ ယုန်တစ်ကောင်လာမေးသည်။
"ငုံတာဥ ရှိလားခင်ဗျာ"
အလုပ်များနေသော ဆိုင်ရှင်က ဒေါသတကြီးပြန်ပြောသည်။
"ဟေ့ယုန်စုတ် တစ်အချက် ငုံတာဥမဟုတ်ဘူးကွ မုန်လာဥ။ နှစ်အချက် ဒါအိမ်ဆောက်ပစ္စည်းရောင်းတဲ့ဆိုင် ဘာမုန်လာဥမှမရှိဘူး။ သုံးအချက် နောက်တစ်ခါ ငုံတာဥလို့ပြောရင် မင်းကို နံရံမှာ သံနဲ့ရိုက်ထားမယ် ကြားလား။"
ယုန်လည်းတောထဲသို့ပြန်သွားသည်။ နောက်တစ်နေ့မနက်တွင် ထိုယုံပင်ပြန်ရောက်လာပြီးမေးသည်။
"ဗျို့ဦးလေးကြီး အိမ်ရိုက်သံရှိလား"
"မရှိဘူး ကုန်နေတယ်ဟေ့"
"ဒါဆို ငုံတာဥရောရှိလားဟင်"

မဟာ့မဟာပြဿနာ
"ပီတာ မင်းအဖေဘယ်သူလဲ"ဆရာမက ပီတာလေးကိုမေးသည်။
" ဟာ ဆရာမကတော့လုပ်ပြီ အိမ်မှာ ဒီကိစ္စနဲ့ပဲ အဖေနဲ့ အမေ အမြဲရန်ဖြစ်နေကျဗျ"

မိခင်နို့
လေးလသားကလေးတစ်ယောက်ကို ချီလျှက်အမျိုးသမီး တစ်ယောက်ဆရာဝန်ဆီရောက်လာသည်။
"ဆရာ ကလေးကအရမ်း ပိန်လွန်းနေလို့ပါ။"
"ခင်ဗျားကလေးကို မိခင်နို့တိုက်သား နို့မှုန့်တိုက်သလား" ဆရာဝန်ကမေးသည်။
"မိခင်နို့တိုက်ပါတယ်ရှင်"
"ကဲစမ်းသပ်ရအောင် ခင်ဗျား ရင်သားကို"
" ရှင်.. ဟို ဟို"
" မရှက်ပါနဲ့ ခင်ဗျား ဆရာဝန်ရှေ့ရောက်နေတာပါ။ ဆေးပညာသဘောတရားအရ ဒါရှက်စရာမဟုတ်ပါဘူး"
ပြောပြောဆိုဆို ဆရာ ၀န်က အမျိုးသမီး အင်္ကျီိကို ကိုယ်တိုင်ချွှတ်ပြီး ရင်သားကို စမ်းသတ်သည်။
"အင်း ထင်သားပဲ ခင်ဗျားက နို့မှမထွက်တာ"
အမျိုးသမီးက ဒေါသတကြီးပြန်ပြောသည် " ဘယ်ထွက်မလဲရှင့် ကျွန်မက ကလေးအမေမှမဟုတ်တာ၊ ကလေးအဒေါ်ရှင့်"

ဒါမှမဟုတ်
လင်မယားနှစ်ယောက် အမျိုးသမီး ဆရာဝန်တစ်ယောက်ထံယောက်လာသည်။
အမျိုးသမီးက ဆရာဝန်မကိုပြောသည် "ဒေါက်တာရှင့် ပြောရမှာလည်းရှက်ပါတယ် ကျွန်မယောက်ကျားက ကျွန်မကို အိမ်ထောင်ရေးသုခ အပြည့်အ၀မပေးစွမ်းနိုင်ဘူးရှင့် အဲဒါ စစ်ဆေးပေးစေချင်ပါတယ်"
အမျိုးသမီးဆရာဝန်က ယောင်္ကျားဖြစ်သူကို စတင်စမ်းသပ်သည် "အင်း ချွှတ်ယွင်းချက်တော့မရှိပါဘူး။ ကဲ ရှင်တစ်နေ့တာအချိန်ဘယ်လို ကုန်ဆုံးသလဲပြောပြ"
အမျိုးသားက စတင်ပြောပြသည်။ "မနက်ရုံးသွားတော့ လမ်းမှာ အသိအမျိုးသမီးတစ်ယောက်ကိုတွေ့တယ်။ သူကရှင်ရုံးသွားမှာလား ဒါမှမဟုတ်လို့မေးတယ်။ ကျွန်တော်က ဒါမှမဟုတ်ကိုရွေးလိုက်တယ်။ ရုံးရောက်တော့ အတွင်းရေးမှူး ဆရာအလုပ်စတော့မလား ဒါမှမဟုတ် လို့မေးတယ်။ ကျွန်တော်ဒါမှမဟုတ်ကို ရွေးလိုက်တယ်။ အိမ်ပြန်လာတော အိမ်ထဲမ၀င်ခင် ဘေးအိမ်ကမိန်းမက ရှင်အိမ်ထဲဝင်တော့မလား ဒါမှမဟုတ်လို့မေးတယ်။ ကျွန်တော် လည်းဒါမှမဟုတ်ကိုရွေးလိုက်တယ်။ အိမ်မှာညရောက်တော့ မိန်းမက ရှင်အိပ်တော့မလား ဒါမှမဟုတ် လို့မေးတယ်။ ကျွန်တော်အရမ်းပင်ပန်းနေပြီလေ အဲဒါနဲ့တန်းထိုးအိပ်လိုက်တယ်။"
"ကဲရှင်ကုမလား....ဒါမှမဟုတ်" ဆရာဝန်မက လူနာကိုမေးလိုက်သည်။

ညှင်းပန်းမှု့

ုယုန်နှင့်ဝက်ဝံ ထောင်ထဲတွင်ထိုင်နေသည်။ ခဏကြာသောအခါ တံခါးပွင့်ပြီးကုလားအုတ်တစ်ကောင် ၀င်လာသည်။
ယုန်က ၀က်ဝံကိုပြောသည် "မင်းပြောတော့ ဒီမှာ ရိုက်နှက်ညှင်းပန်းတာမရှိဘူးဆို၊ အခုကြည့်စမ်း သူတို့ မြင်းကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ရိုက်လွတ်လိုက်ပြီ။"

ရှင်မရှိတုန်းပဲ
ယောင်္ကျားကမိန်းမကိုပြောသည်။ " ဟေ့ ဂျက်ဆိုတဲ့ကောင်ကို တို့အိမ်ကိုမဖိတ်ပါနဲ့၊ ဒီကောင့်ကိုငါကြည့်လို့မရဘူး"
"ရှင်ကလည်း ရှင်ရှိတုန်းသူတစ်ခါတစ်လေမှ လာတာပါတော်"

ဖိုးသက်ရှည
အသက်ရွယ်အလွန်းကြီးမြင့်နေပုံရသော အဖိုးအိုတစ်ယောက်ကို ဂျာနယ်လစ်တစ်ယောက် ရုတ်တရက်အင်တာဗျူးသည်။
"ဒီလိုအသက်ရှည်အောင် ဘယ်လိုစားသောက်နေထိုင်ခဲ့ပါသလဲဗျာ"
"တစ်နေ့ ၀ီစကီ တစ်လုံးသောက်တယ်။ ဆေးလိပ်နှစ်ဘူးသောက်တယ်။ ကြုံရင်ကြုံသလိုလည်း မိန်းမလိုက်စားသေးတယ်။"
"အော်...အံ့သြစရာပဲနော် ဒါနဲ့အဖိုးအသက်ဘယ် လောက်ရှိပြီလဲခင်ဗျာ"
" ၂၈ နှစ်"

ဖောက်သည်
တရားရုံးတစ်ခုတွင် ပြည့်တန်ဆာမတစ်ယောက်ကို တရားသူကြီးက အမှု့စစ်သည်။
"တရားခံ အမည်ပြောပါ"
"အို သူသိသားနဲ့ လုပ်ပြီ"
တရားသူကြီး နည်းနည်းမျက်နှာ ပျက်သွားသည်း။ သို့သော် ဟန်မပျက်ဆက်မေးလိုက်သည်။
"အခကြေးငွေယူပြီး ယောင်္ကျားတွေကို ဖျော်ဖြေတယ်ဆိုတာ ဟုတ်သလားအမှန်အတိုင်း ၀န်ခံပါ"
"အို ဟုတ်တာပေါ့လို့ သူပဲတို့ အပြုစုတွေ သဘောကျတယ်ဆိုပြီး"
တရားသူကြီးလည်း ကြာလျှင်အရှက်ကွဲ နိုင်ကိန်းရှိသဖြင့် မြန်မြန် စီရင်ချက်ချလိုက်သည်။
"ပြစ်မှု့ထင်ရှားသဖြင့် ဒဏ်ငွေ ဒေါ်လာ ၂၀၀ ပေးဆောင်စေ"
"ရတယ် အရင်အကြွေးတွေက နှိမ်လိုက်ပေါ့လို့"

ကလေးငယ်ရဲ့ အိန်ဂျယ်လ်

မနိုင်းနိုင်းစနေ ဘလော့ကကျွန်တော်သဘောကျတဲ့ ပို့စ်လေးပါ။ အခုတစ်လေအသစ်လည်းမတင်ဖြစ်တာကြာပြီဆိုတာ့ မနိုင်းနိုင်းဆီကပဲကူးပြီးတင်ပေးလိုက်ပါတယ်။


ကလေးငယ်ရဲ့ အိန်ဂျယ်လ်


တစ်နေ့မှာ ကလေးငယ်တစ်ဦးက ဘုရားသခင်ကိုမေးတယ်။

"အကျွန်ုပ်ကို ကမ္ဘာမြေကြီးဆီ ပို့မယ်လို့ သူတို့တတွေပြောနေကြတယ်။ ကမ္ဘာမြေပြင်ပေါ်ရောက်ရင် ဘာဖြစ်လို့ အကျွန်ုပ်သေးငယ်ပြီး အကူအညီမဲ့ရတာလဲ?"

"အိန်ဂျယ်လ်တွေထဲက တစ်ဦးကိုရွေးပြီး သင်နဲ့အတူ လိုက်ပါစောင့်ရှောက်စေမှာပါ" ကလေးငယ်ရဲ့အမေးကို ဘုရားသခင်ကဖြေတယ်။

"ဒါပေမယ့်.." ကလေးငယ်ကဆက်ပြီး "နတ်ပြည်မှာ သီချင်းဆို ရယ်မောတာကလွဲပြီး တခြားဘာမှ အကျွန်ုပ်မလုပ်ခဲ့ဘူး။ ဒီပျော်ရွှင်ခြင်းတွေက အကျွန်ုပ်အတွက် လိုအပ်တဲ့အရာတွေပါ"

"သင့်ရဲ့အိန်ဂျယ်လ်က သင့်ကို နေ့တိုင်းသီချင်းဆိုပြီး ရယ်မောပြမှာပါ။ အိန်ဂျယ်လ်ရဲ့မေတ္တာကြောင့် ပျော်ရွှင်ခြင်းတွေကို သင်ခံစားမိပါလိမ့်မယ်"

"နောက်ပြီး..." ကလေးငယ်က ဆက်မေးတယ်။ "သူတို့ပြောတဲ့စကားတွေကို အကျွန်ုပ်နားမလည်ခဲ့ရင် ဘယ်လိုလုပ်မလဲ? ဘယ်လိုလုပ်မှ လူတွေပြောတဲ့စကားကို အကျွန်ုပ်နားလည်နိုင်မလဲ?"

"ဒါ လွယ်ပါတယ်။ သင့်ရဲ့အိန်ဂျယ်လ်က သင့်ကိုစကားတွေ သင်ပေးလိမ့်မယ်။ စကားတွေထဲက အလှဆုံး၊ အချိုမြိန်ဆုံး အသုံးအနှုန်းတွေကို သည်းခံစိတ်၊ ဂရုစိုက်ကြင်နာစိတ် အပြည့်အ၀နဲ့ သူသင်ပေးလိမ့်မယ်"

ကလေးငယ်က ခေါင်းမော့ပြီး "ဘုရားသခင်နဲ့ အကျွန်ုပ်စကားပြောချင်တဲ့အခါ ဘယ်လိုလုပ်ရမလဲ?"

ကလေးငယ်ရဲ့စကားကို ဘုရားသခင်က အပြုံးနဲ့ "သင့်ရဲ့အိန်ဂျယ်လ်က သင့်လက်အစုံနဲ့ ဘယ်လိုဆုတောင်းဝပ်ပြုရမယ်ဆိုတာကို သင်ပေးပါလိမ့်မယ်"

"ကမ္ဘာမြေပြင်ပေါ်မှာ လူဆိုးလူမိုက်တွေရှိတယ်လို့ အကျွန်ုပ်ကြားဖူးပါတယ်။ ဘယ်သူက အကျွန်ုပ်ကို ကာကွယ်စောင့်ရှောက်မလဲ?"

ဘုရားသခင်က ကလေးငယ်ရဲ့ကိုယ်ပေါ် လက်တင်ပြီး "သင့်အိန်ဂျယ်လ်က သင့်ကို ကာကွယ်စောင့်ရှောက်လိမ့်မယ်။ အသက်အန္တရာယ်ကျရောက်နိုင်တဲ့ ဘေးဒုက္ခနဲ့ကြုံသည့်တိုင် သင့်ကို သူကာကွယ်စောင့်ရှောက်လိမ့်မယ်"

ကလေးငယ်က ၀မ်းနည်းတဲ့အမှုအရာနဲ့ "ကမ္ဘာမြေပြင်ပေါ်ရောက်ရင် ဘုရားသခင်ကို အကျွန်ုပ်တွေ့ရတော့မှာ မဟုတ်တဲ့အတွက် ၀မ်းနည်းမိပါတယ်"

ဘုရားသခင်က ကလေးငယ်ကို ပွေ့ဖက်ပြီး "သင့်အိန်ဂျယ်လ်က သင့်ကို ကျွန်ုပ်နဲ့ပတ်သက်တဲ့အကြောင်းတွေ ပြောပြပါလိမ့်မယ်။ နောက်ပြီး ကျွန်ုပ်အပါး ပြန်ရောက်နိုင်တဲ့နည်းတွေ သင်ပေးလိမ့်မယ်။ ဒါကြောင့် ဘုရားသခင် သင့်အပါးရှိနေတယ်လို့ ပြောကြတယ်"

ဘုရားသခင်ရဲ့ စကားကြောင့် ကလေးငယ် စိတ်ချမ်းသာမှုရသွားတယ်ဆိုပေမယ့် ကမ္ဘာပေါ်က လွင့်လာတဲ့အသံကို သူကြားလိုက်တယ်။ ကလေးငယ်က စိတ်လှုပ်လှုပ်ရှားရှားနဲ့ "ဘုရားသခင် ကမ္ဘာမြေပြင်ပေါ် အကျွန်ုပ်သွားရပါတော့မယ်။ ကျေးဇူးပြုပြီး အကျွန်ုပ်ရဲ့အိန်ဂျယ်လ်နာမည်ကို ပြောပြပါ" လို့ တောင်းဆိုတယ်။

"အသင့်အိန်ဂျယ်လ်ရဲ့နာမည်က အဲဒီလောက် အရေးမကြီးပါဘူး။ လွယ်လွယ်ကူကူနဲ့ "မေမေ"လို့ အသင်ခေါ်ဆိုနိုင်ပါတယ်" လို့ ဘုရားသခင်က ပြောတယ်။

Mei Lar ရေးသားထားတဲ့ San Xiao ညနေခင်းသတင်းစာထဲက ကောက်နှုတ်ချက်ဖြစ်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Wednesday, May 19, 2010

ကိုချန်းချန်းရဲ့ Learning AutoCAD vol 1

ကျွန်တော် AutoCAD နဲ့စထိတွေ့ဖြစ်ခဲ့တဲ့ ကိုချန်းချန်းရဲ့ Learning AutoCAD vol 1 အခွေလေးဗျ။ အခုလည်း လေ့လာနေရဆဲပါပဲ။ လုပ်ငန်းခွင်မ၀င်နိုင်သေးပါဘူး။
ကိုယ့်လိုပဲ တိုင်းတပါးရောက်နေတဲ့ လေ့လာစရာ အထောက်ကူပစ္စည်းအားနည်းနေတဲ့ သူတွေအတွက် တစ်ခုခု အသုံးဝင်မယ်ထင်လို့ တင်ပေးလိုက်တယ်ဗျာ။ 4shared.com ကသွားဒေါင်းရမှာပါ။
အောက်မှာလင့်ပေးထားပါတယ်။ အဆင်မပြေတာရှိရင် cbox မှာအော်ခဲ့ကြပါ။
download link: http://www.4shared.com/get/293234063/9eed3390/Learning_ACAD_vol-1.html

Saturday, May 8, 2010

သဘောကျတဲ့ ရယ်စရာလေးတွေ

စိတ်ဆိုးရင်ခဏပဲ
တစ်ခါက ယောင်္ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဟာ ခရီးသွားရင် ရထားမှာ အိပ်စင်အပေါ်အောက်နေရာရတယ်ဆိုပဲ။
ညရောက်တော့ အောက်အိပ်စင်က မိန်းမက အပေါ်ကယောက်ကျားကို လှမ်းပြောတယ်
 "အပေါ်ကလူ အိပ်နေပြီလား"
"အိပ်သေးပါဘူးဗျ"
အဲတော့မိန်းမက
"ကျမယောင်္ကျားကလေ ကျမအပေါ်သိပ်ရက်စက်တာရှင့်။ ဂရုလဲမစိုက်ဘူး။ အခုသူ့အကြောင်းတွေရင်းတောင် စိတ်ဆိုးတယ်"
အပေါ်အိပ်စင်ကယောင်္ကျားကလည်း
"ကျွန်တော့မိန်းမလည်း ဒီလိုပါပဲဗျာ။ ကျွန်တော့ကို လုံးဝမကြင်နာဘူး။အရမ်းကို အနိုင်ကျင့်တာပေါ့"
"ဟုတ်လား ဒီလိုဆို အခွင့်ရေးရတုန်း ကျွန်မတို့ သူတို့နှစ်ယောက်ကို လက်စားချေလိုက်ရအောင်"
အဲဒါနဲ့ အပေါ်အိပ်စင်က ယောင်္ကျားလည်း အောက်အိပ်စင်ကိုဆင်းလာပြီး လက်စားချေလိုက်ရော ဆိုပါတော့။ (ဒန် တန့်ဒန်)
ပြီးတော့ ယောင်္ကျားက သူ့နေရာမှာသူပြန်အိပ်နေတာပေါ့။ ခဏလောက်ကြာတော့ မိန်းမက
"ဒီမှာရှင့် ကျမအခုတွေးရင်းတွေးရင်းနဲ့ ထပ်စိတ်ဆိုးလာပြန်ပြီ ထပ်ပြီးလက်စားချေရင်ကောင်းမလား"
အဲတော့ အပေါ်အိပ်စင်က ယောက်င်္ကျားက
"ဟင့်အင်း ကျွန်တော်က စိတ်ဆိုးရင်ခဏပဲဗျ"

သုံးခါရှိပြီ
တစ်ခါက ရွာတစ်မှာ မိန်းမတွေဟာ ယောင်္ကျားမရှိတုန်း ဖောက်ပြန်ကြတယ်တဲ့။ ပြီးရင် ဘုရားကျောင်းက သင်းအုပ်ဆရာတော်ဆီသွားပြီး အပြစ်ဝန်ခံပြီး
အာပတ်ဖြေကြတယ်တဲ့။ အဲတော့သင်းအုပ်ဆရာတော်က "နင့်တို့နောက်တစ်ခါ အပြစ်လာဝန်ခံရင် ခိုးစားတယ်ခိုးစားတယ်နဲ့မပြောနဲ့ ကြားလို့မကောင်းဘူး
ချော်လဲတယ်လို့ပြော ကြားလား။ ချော်လဲတယ်ဆိုရင်ငါသိပြီ" လို့မှာထားတယ်။ တစ်ရက်ကျတော့ သင်းအုပ်ဆရာတော် အဟောင်းက နေရာပြောင်းရွေ့ရပြီး
နောက်ထပ်သင်းအုပ်ဆရာတော် အသစ်ရောက်လာဖို့ အကြောင်းဖြစ်လာတယ်။ အဲတော့ သင်းအုပ်ဆရာတော်အဟောင်းက ချော်လဲတယ်ဆိုတဲ့ အဓိပါယ်ကို
နောက် သင်းအုပ်ဆရာအသစ်ကိုရှင်းပြဖို့ သူကြီးကိုမှာထားခဲ့တယ်။ သင်းအုပ်ဆရာတော် အသစ်ရောက်လာတော့ သူကြီးလည်း အလုပ်ရှုပ်နေတော့ ချော်လဲ
တဲ့အဓိပါယ်ကို ရှင်းပြဖို့မေ့နေတယ်။ တရက်ကျတော့ သင်းအုပ်ဆရာတော်က သူကြီးကို ရွာထဲမှာ ချော်လဲတဲ့သူတွေများနေကြောင်းအသိပေးတယ်။ အဲတော့မှ
သူကြီးလည်းသတိရပြီး ဟက်ဟက်ပက်ပက်ရယ်တော့တာပဲ။ အဲတော့ သင်အုပ်ဆရာတော်က "သူကြီး ဘာရယ်နေတာလဲ ဒီတစ်ပတ်အတွင်း ခင်ဗျားမိန်းမချော်
လဲတာ သုံးခါရှိပြီ"

ငွေကုန်မခံနဲ့
သူငယ်ချင်းတွေနဲ့စုပြီး ကမ်ခြေကိုပျော်ပွဲစားထွက်မယ့် လင်ယောင်္ကျားကို အထုတ်တွေပြင်ပေးရင်း ဇနီးကမှာနေတယ်။
"အိမ်မှာ အလကားရတာတွေအတွက် ဟိုမှာငွေကုန်မခံနဲ့နော်"

ကြိုက်လို့ပါ
တရားသူကြီးက တရားခံကိုမေးတယ်
"မောင်မင်းဘာကြောင့် ဒီအမျိုးသမီးကို မုဒိန်းကျင့်ရသလဲ"
"ကျွန်တော်သူ့ကို ကြိုက်လို့ပါ" တရားခံက မျက်စိကို လက်နှစ်ဖက်နဲ့ ပိတ်ပြီးဖြေတယ်။
"ဒါဖြင့် မောင်မင်း ဘာကြောင့် ဟိုဖက်က အမျိုးသားကို မုဒိန်းကျင့်ရသလဲ"
"သူ့ကိုလည်း ကျွန်တော် ကြိုက်လို့ပါ" တရားခံက မျက်စိကို လက်နှစ်ဖက်နဲ့ ပိတ်ပြီးဖြေတယ်။
"ဒီမှာ မောင်မင်း ဒီနေရာဟာ တရားခွင်ဆိုတာနားလည်တယ်မလား။ ဘာကြောင့် မလေးမစား မျက်စိကိုလက်နဲ့ပိတ်ထားရတာလဲ။"
"တရားသူကြီးကိုလည်း ကျွန်တော်ကြိုက်နေလို့ပါ။"

ဒီတစ်ခါမဟုတ်ဘူး
ငါးယောက်မြောက် ကလေးမွေးပြီတဲ့နောက်မှာ ယောင်္ကျား သူ့မိန်းမကိုမေးတယ်
"ကိုယ့်ကို မှန်မှန်ပြောပါကွာ အခုကလေးကအရမ်းရုပ်ဆိုးတယ်။ ကိုယ့်နောက်ကွယ်မှာ မင်းခိုးစားခဲ့သလား"
အဲတော့မိန်းမက ရယ်ကျဲကျဲနဲ့ဖြေတယ်
"ဒီတစ်ခါ မဟုတ်ဘူး"

ဘယ်အချိန်အိပ်လဲ
ဆေးခန်းကို အမျိုးသမီးတစ်ယောက်ရောက်လာတယ်။
"ကျွန်မ ပြီးခဲ့တဲ့ နှစ်ပတ်က အိမ်ထောင်ပြုပါတယ်။ အခုမှ ဟန်းနီးမွန်းခရီးကပြန်ရောက်တာပါ"
ဆရာဝန်က "ပြောပါ ပြောပါ အိမ်ထောင်ရေးကိစ္စဆိုတာ ရှက်နေလို့မရဘူး ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ"
အဲတော့မှ အမျိုးသမီးက "ကျွန်မသိချင်တာ ယောက်ကျားတွေ ဘယ်အချိန်အိပ်ကြလည်းဆရာ"

ဘာလိုအပ်သေးလဲ
ခြေထောက်ကျိုးတဲ့လူနာဆေးခန်းရောက်လာတယ်။ ဆရာဝန်က "ကဲ ခင်ဗျားခြေထောက်ကျိုးတာစပြောပါဦး"
"လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကပေါ့ဆရာ" " မဟုတ်ဘူးလေ အခုခင်ဗျား ခြေထောက်ဘယ်လိုကျိုးလဲပြောခိုင်းတာ"
"ဟုတ်ပါတယ်ဆရာ အဲကစပြောရမှာမို့ပါ။ ကျွန်တော် လူပျိုပေါက်အရွယ်လေးပေါ့။ လယ်သမားကြီးတစ်ယောက်ဆီမှာ
အလုပ်လုပ်ပါတယ်။ တစ်နေ့ညဖက်မှာ လယ်သမားကြီးရဲ သမီး ကျွန်တော့အိပ်ခန်းထဲဝင်လာပါတယ်။ ပြီးတော့ ရှင်တစ်ခုခု
များလိုနေမလားလို့လာခဲ့တာပါလို့ပြောတယ်။ ကျွန်တော်က မလိုပါဘူးပြောတော့၊ ဟုတ်ရဲ့လားရှင် တစ်ခုခုများမလိုဘူးလားရှင်
လို့ပြောတယ်။ အဲတော့ကျွန်တော်က ခင်ဗျားပြောတာနားမလည်ဘူးဗျလို့ ဘာမှမလိုပါဘူးလို့ပြောလိုက်တော့ ပြန်သွားတယ်"
ဆရာဝန်က "အဲဒါနဲ့ အခုခင်ဗျားခြေထောက်ကျိုးတာ ဘာဆိုင်လို့လဲ"
လူနာက " ဒီလိုပါဆရာ ဒီနေ့မနက် အဲတုန်းကသူပြောတဲ့ ဆိုလိုရင်းကို ကျွန်တော်သဘောပေါက်သွားတယ်ခင်ဗျ။
အဲဒီအချိန်မှာပဲ ဆေးသုတ်နေတဲ့ လှေခါးက ပြုတ်ကျတာပါပဲဗျာ အား ကျွတ် ကျွတ်"