အနောက်တိုင်းက ပညာရှင်တစ်ယောက်ပြောဖူးတာရှိတယ်
။ နာမည်တော့ ကျွန်တော်လည်းမမှတ်မိတော့ပါဘူး။ ” လက်ကိုဆန့်ထုတ်လိုက်ရင် ပေးဝေဖို့အတွက်ပဲဖြစ်ရမယ်။ တောင်းခံဖို့အတွက် မဖြစ်ရဘူး “
တော်တော်လေးကောင်းတဲ့ စကားလေးဗျ။ ဟုတ်တယ်လေ လူအများစုက တောင်းတတ်မှပဲ လူရည်လည်သလို ပေးတယ်ဆိုတာ မတတ်သာမှလို့ပဲ ယူဆထားကြတာကလား။ ကျွန်တော်လည်း အထိုက် အလျှောက်တော့ပါ
ပါတယ်။ အဲ တောင်းတယ်ဆိုလို့ လမ်းဘေးမှာ တောင်းရမ်းနေတဲ့သူတွေချည်းပဲ ပြေးမမြင်လိုက်နဲ့ဦးဗျို့။ ဘွဲ့တွေတစ်သီကြီးကိုင် ဇိမ်ခံကားကြီးစီးပြီး တောင်းရမ်းနေတဲ့သူတွေ အများကြီးရှိပါသော်ကောဗျာ။
လုပ်ငန်းပါမစ်အတွက်သော်လည်းကောင်း၊ ရာထူးနေရာအတွက်သော်လည်းကောင်း၊ မိသားစုရှေ့ရေးအတွက်သော်လည်းကောင်း အမျိုးမျိုးပေါ့ဗျာ ဆိုင်ရာဆိုင်ရာ လူကြီးမင်းများဆီက တောင်းရမ်းနေကြရတာ။
အဲဒီတော့ဘာဖြစ်လာသလဲဆိုတော့ များများတောင်းနိုင်တဲ့ လူက လူရည်လည်တယ် အကွက်မြင်တယ်ဆိုပြီးဖြစ်လာရောဗျို့။ သူ့ကိုပဲစံပြထာ့းရမလို၊ သူ့ဆီမှာပဲ သွားတပည့်ခံရမလို ဆိုတာမျိုးတွေဖြစ်လာတယ်။
ပေးကမ်းခြင်းဘက်ကျတော့ တောင်းရမ်းခြင်းထက်စာရင် ခက်ခဲတာတွေရှိတော့ လူတွေကသိပ်မလုပ်ချင်ဘူးဗျ။ အများစုက ပေးကမ်းတယ်ဆိုတာနဲ့ပဲ ငွေကြေးတွေ၊ အသုံးအဆောင်တွေ ကိုတွဲ မြင်ကြတာ။
မဟုတ်ပါဘူး ကျွန်တော်တို့ အားလုံးမှာ ပေးနိုင်တာတွေအများကြီး ရှိပါတယ်။ အေးမြတဲ့ အပြုံးလေးတစ်ပွင့်ဖြစ်ဖြစ်၊ နွေထွေးတဲ့ စကားလေးတစ်ခွန်းဖြစ်ဖြစ် အနည်းဆုံးတော့ နေ့တိုင်းကျွှန်တော်တို့ ပေးနိုင်ကြတာပဲ။
chicken soup ထဲကဖတ်ဖူးတာလေးရှိတယ်ဗျ။ သူငယ်ချင်းနှစ်ယောက်လမ်းလျှောက်လာရင်းနဲ့ မျက်နှာချင်းဆိုင်မှာ ရုပ်ဆိုးဆိုးမိန်းမတစ်ယောက်ကိုတွေ့တယ်ဆိုပဲ။ အနီးလည်းရောက်ရော တစ်ယောက်က
အဲဒီိမိန်းမကိုသေသေချာချာ ကြည့်ပြီးပြုံးပြလိုက်တယ်။ တစ်ဖက်က မိန်းမလည်း ရုတ်တရက် အံ့အားသင့်သွားပေမယ် ၀မ်းသာတဲ့အရိပ်အယောင်က သိသိသာသာပေါ်လွင်သွားတယ်။ အဲဒါနဲ ကျန်တဲ့သူငယ်ချင်းက
မင်းကွာ ဒီလောက်လှတပတလေးတွေ တွေ့နေရက်နဲ့ ဒီလိုရုပ်ဆိုးတဲ့မိန်းမကိုများ သွားပြုံးပြရတယ်လို့ ဆိုပြီး အပြစ်တင်တာပေါ့။ အပြောခံရတဲ့သူငယ်ချင်းကတော့ခပ်အေးအေးပါပဲ။ ဒီလိုရှိတယ်ကွတဲ့ မင်းပြောတဲ့
လှတယ်ဆိုတဲ့ကောင်မလေးတွေကို ပြုံးပြရယ်ပြမယ့်လူတွေ ကအများကြီးရှိမှာပဲ။ သူတို့အတွက် ငါ့ဆီကအပြုံးကိုတစ်ကူးတစ်က မလိုလောက်ပါဘူး။ ခုနက အမျိုးသမီးအတွက်တော့ အဲလိုအပြုံးမျိုးပေးမယ့်လူ
ရှားလိမ့်မယ်ကွတဲ့။ တစ်ကယ့်ကို လူသားဆန်တဲ့အတွေးအခေါ်နဲ့အပြုအမူလေးပါပဲ။အပြုံးလေးတစ်ပွင့်တည်းနဲ့ လူတစ်ယောက်ကို စိတ်ချမ်းသာမှု့၊ ကိုယ့်ကိုကိုယ်ယုံကြည်မှု့တွေ တိုးပွားလာအေင် ဖြည့်ဆည်းပေးလိုက်တာပါပဲ။ အများသောအားဖြင့် ကျွန်တော်တို့က ကိုယ့်မှာ ငွေကြေးထက်တန်ဖိုးရှိတာတွေ အများကြီးပိုင်ဆိုင်ထားတယ်ဆိုတာမေ့နေ
တတ်တယ်ဗျ။ ပိုဆိုးတာက အဲဒီတန်ဖိုးတွေကို အလဟသဖြုန်းတီးပစ်တတ်တာပါပဲ။ စဉ်းစားကြည့်မိတယ် ကိုယ့်အတွက်လည်းပိုနေသားနဲ့ သူများကိုလည်းမပေးကမ်းမိပဲ ဟိုအရင်က ငါဒါတွေကိုထမ်းပိုးထားရပါလား
လို့ပေါ့။ ကျောက်ခဲတွေအိတ်ထဲ အပြည့်ထည့်ပြီးတောင်တက်နေတဲ့လူလိုပေါ့ဗျာ။ သူအတွက် ကျေက်ခဲတွေကမလိုအပ်ဖူးလေ။ အဲဒီကျေက်ခဲတွေကို တောင်တက်လမ်းကမညီညာတဲ့နေရာတွေမှာ ဖို့ခဲ့မယ်ဆိုရင်
သူ့အတွက်လည်းဝန်ပေါ့သလို နောက်လူတွေအတွက်လည်း သွားလာရဆင်ပြေတာပေါ့။ အခုတော့သူ့အတွက်လည်း ပင်ပန်းပြီး ခရီးမတွင် နောက်လူအတွက်လည်း အကျိုးမဖြစ်ထွန်းဘူးလေ။ ကျွန်တော်ကိုယ်တိုင်
လည်း အိတ်ထဲကကျောက်ခဲတွေကို ပစ်ချဖို့ ကြိုးစားနေရတုန်းပါ။ သူငယ်ချင်းတို့ရော ပြန်စစ်ကြည့်ပါဦး ကိုယ့်အိတ်ထဲမှာ ကျေက်ခဲဘယ်နှစ်တုံးများ ဖြစ်နေပြီလဲလို့လေ။

No comments:
Post a Comment